အင်ကွင်းရွာ၊ ဖြူးမြို့နယ်
အင်ကွင်းရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၆၉၅ ဖြစ်သည်။ အနီးဆုံးမြို့ဖြစ်သော ကညွတ်ကွင်းမြို့မှ အရှေ့ဘက်သို့ ၆ မိုင် ခွဲ ခန့်ကွာဝေးသည်။ စစ်တောင်းမြစ်နှင့် ၆ မိုင်ကွာဝေးသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘုရားလဟာကျေးရွာအုပ်စုတွင် ကျား ၁၄၇၉ ဦး၊ မ ၁၆၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၄၇ ဦးနေထိုင်သည်။ အင်ကွင်းရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြသည်။ အများစုမှာ လယ်လုပ်ငန်းလုပ်ကိုင်ကြပြီး စပါးအား အဓိကစိုက်ပျိုးကြသည်။ နွေစပါးအနည်းငယ်စိုက်ကြ၍ မတ်ပဲစိုက်သူများလည်းရှိကြသည်။ လူငယ်တစ်ဝက်ခန့်သည် ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများ၌ လုပ်ကိုင်လျက်ရှိကြသည်။ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့်အလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။
Read article